ကျေးဇူးတင်လွှာ

ဤအစီအရင်ခံစာကို Patrick Merloe ၏ဘက်စုံလမ်းညွှန်မှု၊ Meghan Fenzel နှင့် Sunila Chilukuri တို့၏ အကူအညီဖြင့် Michelle Brown၊ Elana Kreiger-Benson၊ Michael McNulty နှင့် Samatha Moog တို့ ရေးသားပြုစုသည်။ တောင်အမေရိက နိုင်ငံများတွင် ထုတ်ပြန်ထားသည့် data များနှင့် ပတ်သက်၍ Jessica White မှ ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြုလုပ်ခဲ့သည်။ ဤအစီအရင်ခံစာတွင် ဖော်ပြထားသည့် ထင်မြင်ချက်များ၊ မှတ်ချက်များကို ပေးခဲ့ကြသည့် ရွေးကောက်ပွဲစီမံ ကျင်းပရေး အဖွဲ့မြောက်များစွာအား NDI မှ ကျေးဇူးမှတ်တမ်းတင်ရှိပါသည်။ ကမ္ဘာလုံးဆိုင်ရာ ပြည်တွင်း ရွေးကောက်ပွဲ စောင့်ကြည့်သူများ ကွန်ယက် Global Network of Domestic Election Monitors (GNDEM) မှ ကွန်ယက်အဖွဲ့ဝင် အဖွဲ့အစည်းများ အပါအဝင် နိုင်ငံသားရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့များအားလည်း ကျေးဇူးတင်အပ်ပါသည်။ ယနေ့အချိန်တွင် GNDEM တွင် အာဖရိကတိုက်၊ အာရှတိုက်၊ ဥရောပနှင့် ယူရေးရှား၊ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက၊ တောင်အမရိကတိုက်နှင့် ကာရေဘီယန်တို့ရှိ နိုင်ငံပေါင်း ၈၂ နိုင်ငံမှ အဖွဲ့ဝင်ပေါင်း ၂၀၀ ကျော် ပါဝင်သည်။

ရွေးကောက်ပွဲ သမာသမတ်ကျမှုနှင့် အဓိက ရွေးကောက်ပွဲဖြစ်စဉ်အဆင့်အဆင့် အကြောင်းများရေးသားထားသည့် ဤအစီအရင်ခံစာ၏ ပထမ နှင့် တတိယ အပိုင်းများကို Patrick Merloe ၏ အတွေ့အကြုံများနှင့် သူ၏ ဒီမိုကရေစီ ရွေးကောက်ပွဲများ၏ ဥပဒေမူဘောင်ကို မြှင့်တင်ခြင်း (Promoting Legal Frameworks for Democratic Elections) စာအုပ်အား မှီငြမ်း ရေးသားထားသည်။ ရွေးကောက်ပွဲဆိုင်ရာ ပွင့်လင်းမြင်သာအချက်အလက်မူများအကြောင်းဖြစ်သည့် အပိုင်း ၂ ကို ရေးသားရာတွင် Open Knowledge Foundation ၏ ပွင့်လင်းမြင်သာမှု အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ပွင့်လင်းအစိုးရအတွက် လုပ်ရှား ဆောင်ရွက် သူများ၏ ၂၀၀၇ အလုပ်ရုံဆွေးနွေးပွဲတွင်ထုတ်ပြန်ခဲ့သည် အစိုးရဆိုင်ရာ ပွင့်လင်းသတင်းအချက်အလက်မူ ၈ ချက်၊ Joshua Tauberer ၏ ပွင့်လင်း အစိုးရ သတင်းအချက်အလက် စာအုပ် (Open Government Data: The Book)၊ Sunlight Foundation ၏ ပွင့်လင်းသတင်းအချက်အလက် မူဝါဒ လမ်းညွှန်ချက် (Open Data Policy Guidelines) နှင့် ပွင့်လင်းအစိုးရ ပူးပေါင်း ဆောင်ရွက်ချက်မှ နမူနာများ၊ Google.org နှင့် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူတာဝန်ခံမှု စီမံချက် (TAI) စသည်တို့၏ အကူအညီဖြင့် ရေးသားပါသည်။

ဤအစီအရင်ခံစာအား Google ကုမ္ပဏီထံမှ ထောက်ပံ့ငွေဖြင့် ရေးသားခဲ့ပါသည်။[^1] ဤအစီအရင်ခံစာသည် ရွေးကောက်ပွဲ သမာသမတ်ကျမှုနှင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးတို့နှင့် ပတ်သက်သော NDI ၏ လက်စွဲစာအုပ်များ ဖြစ်သည့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခြင်းနှင့် အမြန်မဲရေတွက်ခြင်း (The Quick Count and Election Observation) (အစိုးရမဲရုံများနှင့် အပြိုင်မဲရေတွက်ခြင်း)၊ မဲဆန္ဒရှင် စာရင်းပေးသွင်းခြင်း ဖြစ်စဉ်တွင် ယုံကြည်မှု တည်ဆောက်ခြင်း (Building Confidence in the Voter Registration Process)၊ ဒီမိုကရေစီနည်းလမ်းကျသော ရွေးကောက်ပွဲများ ပေါ်ပေါက်ရန် မီဒီယာ စောင့်ကြည့်လေ့လာခြင်း (Media Monitoring to Promote Democratic Elections)၊ ဘက်မလိုက် နိုင်ငံသား စောင့်ကြည့်လေ့လာသူများမှ တစ်ဆင့် ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှုများကို စောင့်ကြည့်ခြင်းနှင့် လျှော့ချခြင်း (Monitoring and Mitigating Electoral Violence through Nonpartisan Citizen Election Observation) နှင့် ပြည်တွင်းအဖွဲ့အစည်းများမှ ရွေးကောက်ပွဲများကို မည်သို့ စောင့်ကြည်မည် (How Domestic Organizations Monitor Elections) ကဲ့သို့သော ရှိနှင့်နေပြီးသည့် အခြား အရင်းအမြစ်များကို ဖြည့်စွက် ပံ့ပိုးပေးရန် ရည်ရွယ်ပါသည်။ ထို့ပြင် Google ကုမ္ပဏီ၏ အထောက်အပံ့ဖြင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းများ ရနိုင်သော ရွေးကောက်ပွဲအချက်အလက်များကို ကောင်းစွာ အသုံးပြုတတ်စေရန် ရည်ရွယ်၍ NDI မှ လေ့ကျင်းခန်းများလည်း ရေးသားထားသည်။ ဤလေ့ကျင့်ခန်းများနှင့် အခြားအရင်းအမြစ်များကို www.ndi.org/elections တွင် ရယူနိုင်သည်။

[^1]: ဤအစီရင်ခံစာသည် Google Inc. ၏ ပံ့ပိုးမှုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ဤစာတမ်းတွင် ဖော်ပြထားသော ထင်မြင်ချက်များမှာမူ Google Inc.၏ ထင်မြင်ချက်များဟု မဆိုနိုင်ပါ။