မူ (၉)။ ရွေးကောက်ပွဲဆိုင်ရာသတင်းအချက်အလက်များသည် အမြဲတမ်းရနိုင်သည့်အခါ ပွင့်လင်းမြင်သာမှု ရှိသည်

Permanently available

ရွေးကောက်ပွဲနှင့် ဆက်စပ်သည့် သတင်းအချက်အလက်များသည် အင်တာနက်၌ ပုံမှန်တည်ရှိနိုင်မည့် နေရာတစ်ခုတွင် အချိန်အကန့်အသတ်မရှိ ရနိုင်ရမည်။ ပွင့်လင်း သတင်းအချက်အလက် မူဝါဒလမ်းညွှန်ချက်များ တွင် အမြဲတမ်းရနိုင်သည့် အချက်အလက်များဆိုသည်မှာ အင်တာနက်တွင် ပုံမှန်တည်ရှိသည့် နေရာတစ်ခု၌သော်လည်းကောင်း၊ ရာသက်ပန် မော်ကွန်းတိုက်တစ်ခု၌ သော်လည်းကောင်း ရနိုင်ခြင်းကိုဆိုလိုသည်။ အချိန်အပိုင်းအခြားတစ်ခုအတွင်း၌သာ ရနိုင်သည့် သတင်းအချက်အလက်များအား ပွင့်လင်း သည်ဟူ၍ မသတ်မှတ်နိုင်ပေ။ Dataset များအား ရာသက်ပန်ရနိုင်စေရန် ပြုလုပ်နိုင်သည့် နည်းလမ်းတစ်ခုမှာ ရာသက်ပန် ဝက်ဘ်ဆိုက် လိပ်စာတစ်ခုခု (permanent URL) ဖြင့်တင်ထားဖြစ်သည်။ တည်ငြိမ်ပြီး ရာသက်ပန်ဖြစ်နေသည့် ဝက်ဘ်ဆိုက် လိပ်စာများသည် ပြည်သူလူထုအား သတင်းအချက်အလက်များ အလွယ်တကူ ရယူနိုင်ရန်၊ အပြောင်းအလဲမရှိသည့် မူလရင်းမြစ်အား ညွှန်ပြနိုင်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး လွယ်ကူစွာ မျှဝေနိုင်စေရန် ကူညီပေးသည်။ ယခင် ရွေးကောက်ပွဲစက်ဝိုင်းမှ အချက်အလက်ပေါင်းချုပ် (dataset) များသည် လက်ရှိရွေးကောက်ပွဲ ရလာဒ်များကို နားလည်သဘောပေါက်စေရန်၊ အကဲဖြတ်နိုင်ရန် များစွာ အထောက်အကူဖြစ်စေသည်။ ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် dataset များအား အစိုးရ ဘက်ဂျတ်များနှင့်ဆက်စပ်သည့် dataset များကဲ့သို့ပင် ယခင်နှစ်များ၏ dataset များနှင့် နှိုင်းယှဉ် လေ့လာနိုင်သည်။ ရွေးကောက်ပွဲစီမံကျင်းပရေး အဖွဲ့အစည်းများအနေဖြင့် လက်ရှိ ရွေးကောက်ပွဲ dataset မှ မဲဆန္ဒရှင်မှတ်ပုံတင်ခြင်း၊ ကမ်ပိန်း ဘဏ္ဍာရေး၊ ရွေးကောက်ပွဲရလာဒ် စသည့်အချက်များအား ယခင်နှစ်များမှာ အချက်အလက်များနှင့် နှိုင်းယှဉ်လျက် လက်ရှိရွေးကောက်ပွဲ အချက်အလက်များ၏ အရည်အသွေးကို အကဲဖြတ်နိုင်ပေမည်။ ထို့ကြောင်း ရာသက်ပန်ဖြစ်မှုသည် လက်ရှိ သတင်းအချက်အလက်များ “သမိုင်းဝင်” အချက်အလက်များ ဖြစ်လာရန်အတွက် မရှိမဖြစ် လိုအပ်သည်။ dataset တစ်စုံ ပျောက်ဆုံးသွားသည့်အခါ အသုံးပြုရန်မရနိုင်တော့သည့် အတွက် ၄င်း dataset သည် ပွင့်လင်းမှု မရှိတော့ချေ။ ရွေးကောက်ပွဲ စီမံကျင်းပရေး အဖွဲ့အစည်း တစ်ခုသည် ရွေးကောက်ပွဲ အချက်အလက်များအား ရာသက်ပန် ရနိုင်အောင် လုပ်နိုင်သည့် နည်းလမ်းတစ်ခုမှာ ယင်းအချက်အလက်များအား အများပိုင် data portal တစ်ခု သို့မဟုတ် အွန်လိုင်း မော်ကွန်းတိုက်တစ်ခုတွင် သိမ်းထားခြင်းပင် ဖြစ်သည်။