ရွေးကောက်ပွဲသတင်းဆိုင်ရာ သတင်းအချက်အလက်များ သင်တန်းကျောင်း

သင်တန်းကျောင်းရှိ သင်ခန်းစာ (module) များသည် တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံသားအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် ဂျာနယ်လစ်များ ရွေးကောက်ပွဲအတွင်းထုတ်ပြန်လေ့ရှိသည့် dataset များကို ခွဲခြမ်းစိတ်ဖြာနိုင်စေရန် ရည်ရွယ်သည်။ သတင်းအချက်အလက်များ သင့်အတွက် မည်ကဲ့သို့ အလုပ်လုပ်ပုံကို ဤ module များမှ လမ်းညွှန်ပေးပါလိမ့်မည်။ စပြီးကစားရအောင်။

သင်ခန်းစာများ (Modules)

  1. ၁။ Data များကို အနှစ်ချုပ်ခြင်းအကြောင်း မိတ်ဆက်

    ဤသင်ခန်းစာတွင် အချက်အလက်ကဏ္ဍ (data category) နှင့် အချက်အလက် အမျိုးအစားများ (types of data) အပါအဝင် အသုံးများသည့် အခေါ်အဝေါ်များ၊ အယူအဆများကို အဓိပ္ပါယ် ဖွင့်ဆိုမည်။ သင်ခန်းစာ အဆုံး၌ ဤအယူအဆများကိုယူ၍ နောက်သင်ခန်းစာရှိ မဲရုံစာရင်းကို အကျဉ်းချုံး (summarise) နိုင်မည်။

  2. ၂။ မဲရုံစာရင်းတစ်ခုအား ပြန်လည်သုံးသပ်ကြည့်ခြင်း

    ဤသင်ခန်းစာတွင် ကျွန်ုပ်တို့ မဲရုံစာရင်းတစ်ခုကို မည်ကဲ့သို့ ကြည့်ကြည့်ရန်နှင့် အဓိပ္ပာယ်ဖော်ကြည့်ရန် လေ့လာကြမည်။ Dataset ထဲတွင် ပါရှိသည့် အချက်အလက် များကို အနည်းငယ်သိရှိပြီးနောက် data များကို မွှေနှောက်စူးစမ်းရန်၊ အထူးသဖြင့် ခရိုင်တစ်ခုချင်းစီရှိ မဲရုံအရေအတွက် စုစုပေါင်းနှင့် မှတ်ပုံတင်ထားသည့် မဲဆန္ဒရှင် အရေအတွက်စုစုပေါင်းကို တွက်ရန် Excel ကို အသုံးပြုလျက် pivot table တစ်ခုပြုလုပ်မည်။

  3. ၃။ အသုံးချခြင်း။ မဲရုံအချက်အလက်များကို အကျဉ်းချုံးခြင်း

    ဤသင်ခန်းစာတွင် အချက်အလက် ခွဲခြမ်းစိတ်ဖြာခြင်း (data analysis) ဖြစ်စဉ်အဆင့်ဆင့်ရှိ အဆင့် ၅ ဆင့်ကို ပြန်လည်သုံးသပ်မည်။ ထို့နောက် data များနှင့် data file များကို ကိုင်တွယ်ပုံနှင့် စပ်လျဉ်း၍ အကြံပြုချက်များပေးမည်။ နောက်ဆုံး၌ လေ့ကျင့်ခန်း (၁) မှ မဲရုံစာရင်းကို အသုံးပြုလျက် လက်တွေ့လေ့ကျင့်ခန်းတစ်ခု ပြုလုပ်ကြည့်မည်။ ယင်းလေ့ကျင့်ခန်းတွင် Excel မှ လုပ်ဆောင်ချက်များကို အသုံးပြု၍ “Registered_Voters” variable (စာရင်းသွင်းထားသော မဲဆန္ဒရှင် ကိန်းရှင်) ကို အကျဉ်းချုပ်ကြည့် ကြမည်။